
Cherry Fm
We Promise The DifferenceCherry FM Radio Station ကို 2009 ခုနှစ်ဧပြီလတွင်စတင် တည်ထောင်ခဲ့ပါသည်။ ရှမ်းပြည် နယ်နှင့် ကယားပြည်နယ်ကိုယ်စားပြု ထုတ်လွှင့်ခွင့်ရရှိခဲ့ပြီး (15.8.2009) ရက်တွင် အခြေပြုရာ ရှမ်းပြည်နယ် တောင်ပိုင်း (Taunggyi station) စတင်ထုတ် လွှင့်ခဲ့ပါသည်။ ၎င်းနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ အ ရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ဆက်လက်ထုတ်လွှင့်ခဲ့ပါသည်။ ဆက်လက်ပြီးမြန်မာနိုင်ငံ၏ အဓိကကျရာတိုင်းနှင့်ပြည်နယ် အသီးသီးကိုတိုးချဲ့ထုတ်လွှင့်ခဲ့ရာ ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုတွင် Cherry FM ကိုနားဆင်နိုင်ပြီဖြစ်ပါသည်။ Relay station ပေါင်း (၂၀)ခုနှင့် ထုတ်လွှင့်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နားဆင်နိုင် ရေး ဆက်လက်စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ Cherry FM တွင် အသက်အရွယ်မျိုးစုံအတွက် သင့်တော်သည့် အစီအစဉ်များ တင်ဆက်နေသော်လည်း Target Audience မှာခေတ်နှင့်အညီ ပြောင်းလဲတတ်သည့် လူငယ် ပရိသတ်များဖြစ်ပါသည်။